2 ဓမ္မရာဇဝင်ပထမစောင် 15:35
ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Genesis 6:6လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။-
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
2 Samuel 6:23ရှောလု၏သမီးတော်မိခါလသည်လည်း တစ်သက်လုံးသားသမီးမရတော့ချေ။
Psalms 119:158သူတို့သည်ဥပဒေသတော်တို့ကို မစောင့်ထိန်းကြပါ။ သို့ဖြစ်၍ထိုသစ္စာဖောက်တို့ကိုမြင်သောအခါ ကွန်တော်မျိုးသည်နှလုံးနာပါ၏။
Romans 9:2ငါ၏စိတ်နှလုံးသည်ငါ၏အမျိုးသား၊ ငါ ၏သားချင်းတို့အတွက်ဝမ်းနည်းပူဆွေးလျက် အခါမလပ်ပြင်းပြသောဝေဒနာကိုခံ စားလျက်ရှိ၏။ သူတို့၏အကျိုးငှာငါ သည်ဘုရားသခင်၏ကျိန်စာသင့်တော်မူ ခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့်ကွဲကွာ မှုကိုလည်းကောင်းခံလိုသောဆန္ဒရှိ၏။-