2 ဓမ္မရာဇဝင်ပထမစောင် 16:13
ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Numbers 11:17ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
Judges 3:10ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
Judges 13:25သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
1 Samuel 1:19နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊-
1 Samuel 10:6ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
1 Samuel 10:10ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-