2 ဓမ္မရာဇဝင်ပထမစောင် 16:18
အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Genesis 39:23ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
1 Samuel 10:7ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
1 Samuel 17:32ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။
2 Samuel 14:20သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။
2 Samuel 17:10ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
Matthew 1:23ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။