2 ဓမ္မရာဇဝင်ပထမစောင် 17:36
အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
1 Samuel 14:6ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
1 Samuel 17:26ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
Isaiah 10:15သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
Isaiah 36:15ထာဝရဘုရားအား၊ အားကိုးရန်သူသွေး ဆောင်တိုက်တွန်းသော်လည်း သင်တို့ခွင့်မပြု ကြနှင့်။ ထာဝရဘုရားသည်သင်တို့အား ကယ်တော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ ငါတို့အာရှုရိတပ်မတော်အား သင်တို့ ၏မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည် မဟုတ်ဟူ၍လည်းကောင်း မထင်မှတ်ကြနှင့်။-
Isaiah 37:22ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
Isaiah 37:28``သို့ရာတွင်သင်၏အကြောင်းကိုအကုန် အစင်ငါသိ၏။ သင်အဘယ်အမှုကိုပြု ၍အဘယ်အရပ်သို့သွားသည်ကိုလည်း ကောင်း၊ ငါ့အားအဘယ်မျှအမျက်ထွက် လျက်နေသည်ကိုလည်းကောင်းငါသိ၏။-