2 ဓမ္မရာဇဝင်ပထမစောင် 17:43
သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
Genesis 27:29တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
Numbers 22:11ဗာလက်ကအီဂျစ်ပြည်မှလာသောလူမျိုး တစ်မျိုးသည် မြေမျက်နှာပြင်အနှံ့အပြား သို့ရောက်ရှိနေကြောင်း၊ ထိုသူတို့ကိုတိုက်ခိုက် နှင်ထုတ်နိုင်ရန်အကျွန်ုပ်အား သူတို့ထံသို့ သွား၍ထိုသူတို့ကိုကျိန်ဆဲပါမည့် အကြောင်းအကြောင်းကြားလိုက်ပါသည်'' ဟုလျှောက်ထားလေသည်။
1 Samuel 24:14ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
2 Samuel 3:8ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။-
2 Samuel 16:9ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
Proverbs 26:2စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။