2 ဓမ္မရာဇဝင်ပထမစောင် 17:51
သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
1 Samuel 21:9အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။
1 Samuel 31:9သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ သူ့ ထံမှချွတ်ယူသောလက်နက်တန်ဆာများနှင့် တကွ ဖိလိတ္တိပြည်ရှိမိမိတို့၏နတ်ဘုရား ရုပ်တုများနှင့် မိမိတို့၏အမျိုးသားများ ထံသတင်းကောင်းကိုပြောကြားရန်လူ လွှတ်ပေးပို့ကြလေသည်။-
2 Samuel 23:21သူသည်လှံကိုကိုင်ဆောင်ထားသူအလွန် ကြီးမားသောအီဂျစ်အမျိုးသားတစ် ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယသည် ထိုသူကိုတင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ ၏လက်မှလှံကိုလုယူလိုက်၏။ ထိုနောက် ထိုလှံဖြင့်ပင်သူ့အားသတ်လိုက်၏။-
Psalms 7:15သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
Hebrews 11:34ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-