The Bible Software
bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 2 › 2 ဓမ္မရာဇဝင်ပထမစောင် 2:15

2 ဓမ္မရာဇဝင်ပထမစောင် 2:15

ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။

Common Language Bible

In The King James Version

Also before they burnt the fat, the priest’s servant came, and said to the man that sacrificed, Give flesh to roast for the priest; for he will not have sodden flesh of thee, but raw.

In Context

14ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-

16အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။

Read all of 2 ဓမ္မရာဇဝင်ပထမစောင် 2

Cross References

Leviticus 3:5ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။

Romans 16:18သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-

Jude 1:12သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်ပထမစောင် 2:15

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်ပထမစောင် 2:142 ဓမ္မရာဇဝင်ပထမစောင် 22 ဓမ္မရာဇဝင်ပထမစောင် 2:16 →