The Bible Software
bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 2 › 2 ဓမ္မရာဇဝင်ပထမစောင် 2:35

2 ဓမ္မရာဇဝင်ပထမစောင် 2:35

ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။-

Common Language Bible

In The King James Version

And I will raise me up a faithful priest, that shall do according to that which is in mine heart and in my mind: and I will build him a sure house; and he shall walk before mine anointed for ever.

In Context

34သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-

36အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သည့်​သင်​၏​သား​မြေး မှန်​သ​မျှ​သည် ထို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရောက်​၍ ကြေး​ငွေ​နှင့်​အ​စား​အ​စာ​တို့​ကို​အ​သ နား​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စား​အ​စာ ရ​ရှိ​ရေး​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​အ​မှု ဆောင်​ရာ​၌​ပါ​ဝင်​ကူ​ညီ​ခွင့်​ရ​ရှိ​ရန်​တောင်း ပန်​အ​သ​နား​ခံ​ရ​ကြ​လိမ့်​မည်။

Read all of 2 ဓမ္မရာဇဝင်ပထမစောင် 2

Cross References

1 Samuel 12:3ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။

1 Samuel 25:28ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။-

2 Samuel 7:27ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​အား​ဤ​အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​၍ ကိုယ်​တော့်​ကျွန်​၏​သား​မြေး​များ​ကို​မင်း မြှောက်​တော်​မူ​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ သော​ကြောင့် ကိုယ်​တော့်​ကျွန်​သည်​ဤ​ဆု​တောင်း ပတ္ထနာ​ကို​အ​ထံ​တော်​သို့​တင်​လျှောက်​ဝံ့ ပါ​၏။''

1 Kings 1:45ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-

1 Kings 11:38အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်ပထမစောင် 2:35

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်ပထမစောင် 2:342 ဓမ္မရာဇဝင်ပထမစောင် 22 ဓမ္မရာဇဝင်ပထမစောင် 2:36 →