2 ဓမ္မရာဇဝင်ပထမစောင် 2:7
ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
Common Language Bible
In The King James Version
The LORD maketh poor, and maketh rich: he bringeth low, and lifteth up.
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 2
Cross References
Deuteronomy 8:17ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
2 Chronicles 32:27ဟေဇကိသည်လွန်စွာချမ်းသာကြွယ်ဝလာ ပြီးလျှင် လူအပေါင်းတို့၏ရှေ့တွင်ဂုဏ်အသ ရေကြီးမြင့်လေ၏။ သူသည် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ၊ နံ့သာမျိုးများ၊ ဒိုင်းလွှားများ နှင့်အခြားအဖိုးတန်ပစ္စည်းများသိုလှောင် ရန်တိုက်များကိုတည်ဆောက်တော်မူ၏။-
Job 1:21အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
Psalms 75:7တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
Isaiah 2:12ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-