2 ဓမ္မရာဇဝင်ပထမစောင် 20:26
သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
Leviticus 11:24အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
Leviticus 11:31ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-
Leviticus 15:5တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-
Leviticus 15:19အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
1 Samuel 16:5ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။