2 ဓမ္မရာဇဝင်ပထမစောင် 22:1
ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Genesis 38:1၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။-
1 Samuel 24:4ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
1 Chronicles 11:15တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-
Psalms 57:1ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
Micah 1:3ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ ကြွဆင်းလာ၍၊တောင်ထိပ်များပေါ်တွင် စက်တော်ဖြန့်တော်မူမည်။