2 ဓမ္မရာဇဝင်ပထမစောင် 22:8
ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
1 Samuel 18:3ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
1 Samuel 20:8ကျွန်ုပ်အားကျေးဇူးပြုပါ။ သင်နှင့်ကျွန်ုပ်ပြု ထားကြသည့်သစ္စာကတိကိုလည်းတည်မြဲ စေပါ။ သို့ရာတွင်အကယ်၍ကျွန်ုပ်မှာအပြစ် ရှိခဲ့သော် သင်ကိုယ်တိုင်ပင်ကျွန်ုပ်အားသတ် ပါလော့။ အဘယ်ကြောင့်သင့်ခမည်းတော် လက်သို့အပ်ပါတော့မည်နည်း'' ဟုဆို၏။
1 Samuel 20:30ရှောလုသည်ယောနသန်အားပြင်းစွာအမျက် ထွက်သဖြင့်``တရားမဝင်သောသား၊ သင်သည် ဒါဝိဒ်ဘက်သားဖြစ်ကြောင်းယခုငါသိပြီ။ သင်သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ကိုယ့် မိခင်ကိုလည်းကောင်းအသရေယုတ်စေ လေပြီတကား။-
1 Samuel 23:16ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
2 Kings 6:11ရှုရိဘုရင်သည်လွန်စွာစိတ်ပူပန်သဖြင့် မိမိ၏ တပ်မှူးများကိုခေါ်၍``သင်တို့အနက်အဘယ် သူသည် ဣသရေလဘုရင်ဘက်သို့ပါနေသနည်း'' ဟုမေးတော်မူ၏။