2 ဓမ္မရာဇဝင်ပထမစောင် 23:2
ထာဝရဘုရားအား``ကျွန်တော်မျိုးသည် ဖိလိတ္တိအမျိုးသားတို့ကိုသွားရောက်တိုက် ခိုက်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့။ သူတို့ကို တိုက်ခိုက်၍ ကိလမြို့ကိုကယ်တင်လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 23
Cross References
Joshua 9:14ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
1 Samuel 10:22လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
1 Samuel 23:4ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။-
1 Samuel 23:9ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
2 Samuel 5:19ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
1 Chronicles 14:10ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။ ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။