2 ဓမ္မရာဇဝင်ပထမစောင် 23:26
ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 23
Cross References
1 Samuel 19:12ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။-
2 Samuel 15:14ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
2 Chronicles 20:12ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Psalms 17:11သူတို့သည်ကျွန်တော်မျိုးသွားလေရာတွင် ကျွန်တော်မျိုးအားအလဲထိုးရန် စောင့်မျှော်ဝိုင်းရံလျက်နေကြပါ၏။
Psalms 22:16လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။
Psalms 118:11သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။