2 ဓမ္မရာဇဝင်ပထမစောင် 24:10
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
Leviticus 19:16သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
1 Samuel 26:8အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။
Ezekiel 22:9သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။-