The Bible Software
bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 24 › 2 ဓမ္မရာဇဝင်ပထမစောင် 24:12

2 ဓမ္မရာဇဝင်ပထမစောင် 24:12

အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​ဆုံး​ဖြတ်​တော်​မူ ပါ​စေ​သော။ အ​ရှင်​အ​ကျွန်ုပ်​အား​ပြု​ခဲ့​သည့် အ​မှု​အ​ရာ​အ​တွက် ကိုယ်​တော်​သည်​အ​ရှင့် အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​အ​ရှင်​အား​စိုး​စဉ်း​မျှ ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။-

Common Language Bible

In The King James Version

The LORD judge between me and thee, and the LORD avenge me of thee: but mine hand shall not be upon thee.

In Context

11အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-

13`ယုတ်​မာ​မှု​ကို​ယုတ်​မာ​သူ​တို့​သာ​လျှင်​ပြု ကျင့်​တတ်​၏' ဟူ​သော​ရှေး​စ​ကား​ပုံ​ကို​အ​ရှင် သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည် အ​ရှင့်​အား​ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည် မ​ဟုတ်​ပါ။-

Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24

Cross References

Genesis 16:5ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။

Judges 11:27ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''

1 Samuel 26:10ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။-

1 Chronicles 12:18ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

Psalms 7:8အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အ​ပြစ်​ကင်း​သည်​ကို​ထောက်​ထား​၍ ကျွန်​တော်​မျိုး​အား​မျက်​နှာ​သာ​ပေး​၍​တ​ရား​စီ​ရင်​တော်​မူ​ပါ။

Psalms 43:1အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။ ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။ လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်ပထမစောင် 24:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်ပထမစောင် 24:112 ဓမ္မရာဇဝင်ပထမစောင် 242 ဓမ္မရာဇဝင်ပထမစောင် 24:13 →