2 ဓမ္မရာဇဝင်ပထမစောင် 24:6
ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-
Common Language Bible
In The King James Version
In Context
5သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။-
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
1 Samuel 26:9သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
2 Samuel 24:10သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
Job 31:29ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
Romans 12:14သင်တို့အားနှိပ်စက်ညှဉ်းဆဲသူတို့ကိုကောင်း ချီးပေးကြလော့။ သူတို့ကိုမကျိန်မဆဲ ဘဲကောင်းချီးပေးကြလော့။-