2 ဓမ္မရာဇဝင်ပထမစောင် 25:29
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 25
Cross References
Genesis 15:1ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
1 Samuel 2:9``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
Psalms 66:9ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
Jeremiah 10:18သင်တို့အားလောက်လွှဲမှလောက်စာလုံးကိုပစ် သကဲ့သို့ ထာဝရဘုရားသည်သင်တို့အား ဤပြည်မှပယ်ထုတ်တော်မူလိမ့်မည်။ သင်တို့ သည်အဖမ်းခံရသောကြောင့်စိတ်ပျက်ကြ လိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏။
Matthew 10:29စာကလေးနှစ်ကောင်ကိုအဿရိတစ်ပြားဖြင့်ဝယ် နိုင်သည်မဟုတ်လော။ သို့ရာတွင်ထိုစာကလေး တစ်ကောင်မျှသင်တို့အဖအခွင့်မပြုဘဲမသေ မပျောက်ရ။-
John 14:19ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-