2 ဓမ္မရာဇဝင်ပထမစောင် 26:18
အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 26
Cross References
1 Samuel 20:1ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။
1 Samuel 24:11အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-
Psalms 35:7သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက် ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
John 8:46ငါသည်အပြစ်ကူးသူဖြစ်ကြောင်းအဘယ် သူသက်သေပြနိုင်သနည်း။ ငါသည်သစ္စာစကား ကိုပြောဆိုလျှင်အဘယ်ကြောင့်သင်တို့မယုံ ကြသနည်း။-
John 18:23သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။