2 ဓမ္မရာဇဝင်ပထမစောင် 27:10
အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 27
Cross References
Genesis 27:24``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။ ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။
Joshua 2:4ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
Judges 4:11ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။
1 Samuel 15:6သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
1 Samuel 23:27ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊-
2 Samuel 17:20အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။ အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။ အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-