bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 28 › 2 ဓမ္မရာဇဝင်ပထမစောင် 28:14
2 ဓမ္မရာဇဝင်ပထမစောင် 28:14
ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ထိုသူသည်အိုမင်းသူတစ် ဦးဖြစ်၍ဝတ်လုံကိုခြုံထားပါ၏'' ဟုဖြေ ကြား၏။ ထိုအခါရှောလုသည်ရှမွေလ ဖြစ်ကြောင်းကိုသိသဖြင့် ရိုသေစွာမြေသို့ ဦးညွှတ်လျက်နေ၏။
Common Language Bible
In The King James Version
And he said unto her, What form is he of? And she said, An old man cometh up; and he is covered with a mantle. And Saul perceived that it was Samuel, and he stooped with his face to the ground, and bowed himself.
In Context
13မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊
15ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 28
Cross References
1 Samuel 24:8ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
2 Kings 2:8ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
This Verse In Other Editions
Study 2 ဓမ္မရာဇဝင်ပထမစောင် 28:14