2 ဓမ္မရာဇဝင်ပထမစောင် 28:3
ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 28
Cross References
Exodus 22:17အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
Leviticus 19:31``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
Leviticus 20:27``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
1 Samuel 7:17ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
1 Samuel 25:1ရှမွေလကွယ်လွန်သွားသဖြင့် ဣသရေလ အမျိုးသားအပေါင်းတို့သည်လာရောက်စု ဝေးလျက်ငိုကြွေးမြည်တမ်းကြ၏။ ထိုနောက် သူ့အားရာမမြို့နေအိမ်တွင်သင်္ဂြိုဟ်လိုက် ကြ၏။ ယင်းသို့သင်္ဂြိုဟ်ပြီးသောအခါဒါဝိဒ်သည် ပါရန်တောကန္တာရသို့ထွက်ခွာသွားလေ သည်။-
Isaiah 57:1သူတော်ကောင်းတို့သည်သေရကြ၏။ ထိုသူတို့ ယင်းသို့သေသည့်အကြောင်းကိုအဘယ်သူမျှ နားမလည်ကြ။ ဂရုလည်းမစိုက်ကြ။ သို့ရာ တွင်သူတို့သည်သေသောအခါအတိဒုက္ခ ကင်းငြိမ်းရာအရပ်သို့ရောက်ရှိကြလေသည်။-