The Bible Software
bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 28 › 2 ဓမ္မရာဇဝင်ပထမစောင် 28:8

2 ဓမ္မရာဇဝင်ပထမစောင် 28:8

ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။

Common Language Bible

In The King James Version

And Saul disguised himself, and put on other raiment, and he went, and two men with him, and they came to the woman by night: and he said, I pray thee, divine unto me by the familiar spirit, and bring me him up, whom I shall name unto thee.

In Context

7ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

9ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။

Read all of 2 ဓမ္မရာဇဝင်ပထမစောင် 28

Cross References

Deuteronomy 18:10သင်​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​မ​ပူ​ဇော်​ရ။ သင်​တို့​သည်​မှော်​အ​တတ်၊ ဗေ​ဒင်​အ​တတ်၊ စုန်း​က​ဝေ​အ​တတ်၊-

1 Kings 22:30အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။

1 Chronicles 10:13ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-

2 Chronicles 35:22သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။

Isaiah 8:19လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

John 3:19အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်ပထမစောင် 28:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်ပထမစောင် 28:72 ဓမ္မရာဇဝင်ပထမစောင် 282 ဓမ္မရာဇဝင်ပထမစောင် 28:9 →