2 ဓမ္မရာဇဝင်ပထမစောင် 29:4
သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 29
Cross References
1 Samuel 14:21ဖိလိတ္တိအမျိုးသားတို့ဘက်သို့ကူးပြောင်း ကာ သူတို့၏တပ်စခန်းသို့လိုက်သွားခဲ့ကြ သောဟေဗြဲအမျိုးသားတို့သည် ရှောလု နှင့်ယောနသန်တို့ဘက်သို့ဝင်ရောက်လာ ကြ၏။-
1 Chronicles 12:19ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
Luke 16:8ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။