2 ဓမ္မရာဇဝင်ပထမစောင် 3:20
သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Deuteronomy 18:21``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
Ezekiel 33:33သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
1 Timothy 1:12ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-