2 ဓမ္မရာဇဝင်ပထမစောင် 31:7
ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 31
Cross References
Leviticus 26:36``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
Judges 6:2မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-
1 Samuel 13:7အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။-