2 ဓမ္မရာဇဝင်ပထမစောင် 4:9
ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 4
Cross References
Deuteronomy 28:47ထာဝရဘုရားသည်သင်တို့အားကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုချပေးသော်လည်း သင်တို့သည်ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်ရွှင်လန်းစွာမဆောင်ရွက်ကြ။-
Judges 13:1ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
Isaiah 14:2လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
1 Corinthians 16:13နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-