2 ဓမ္မရာဇဝင်ပထမစောင် 5:7
သူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Exodus 8:28ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
Exodus 10:7မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
1 Samuel 4:8ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-
1 Samuel 6:20သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
1 Chronicles 13:11သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
Jeremiah 46:25ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-