2 ဓမ္မရာဇဝင်ပထမစောင် 5:9
သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
1 Samuel 5:6ထာဝရဘုရားသည်အာဇုတ်မြို့သားတို့ အား ပြင်းစွာဒဏ်ခတ်တော်မူသဖြင့်ကြောက် လန့်တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည် ထိုမြို့သားတို့နှင့်ပတ်ဝန်းကျင်ရှိလူတို့ အားအနာစိမ်းများပေါက်စေခြင်းအား ဖြင့်ဒဏ်ခတ်တော်မူ၏။-
1 Samuel 6:4ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
1 Samuel 7:13ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-
Psalms 78:66မိမိ၏ရန်သူများကိုထာဝစဉ်အရှက်ကွဲ အရေးရှုံးနိမ့်စေတော်မူ၏။
Amos 9:1ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-