2 ဓမ္မရာဇဝင်ပထမစောင် 6:3
ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Exodus 23:15တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ ငါ မိန့်မှာခဲ့သည့်အတိုင်း အီဂျစ်ပြည်မှထွက်ခဲ့ ရသောအဗိဗလ၌ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။ မည်သူမျှ ပူဇော်သကာမပါဘဲနှင့် ငါ့ထံသို့ချဉ်းကပ် ၍ကိုးကွယ်ဝတ်ပြုခြင်းမပြုရ။
Leviticus 5:6အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။
Leviticus 5:16သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။
Leviticus 7:1အပြစ်ဒဏ်ပြေရာပူဇော်သကာနှင့်ဆိုင် သောပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
1 Samuel 5:7သူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။-
1 Samuel 5:11ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-