2 ဓမ္မရာဇဝင်ပထမစောင် 6:5
အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Exodus 8:5တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
Exodus 8:24ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
Exodus 12:12``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
Joshua 7:19ယောရှုကသူ့အား``ငါ့သား၊ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်တွင်မှန်ရာကိုပြော၍ဝန်ခံ လော့။ သင်ပြုခဲ့သည့်အမှုကိုမထိမ်မချန် ဘဲငါ့အားထုတ်ဖော်ပြောကြားလော့'' ဟု ဆိုလေ၏။
1 Samuel 5:6ထာဝရဘုရားသည်အာဇုတ်မြို့သားတို့ အား ပြင်းစွာဒဏ်ခတ်တော်မူသဖြင့်ကြောက် လန့်တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည် ထိုမြို့သားတို့နှင့်ပတ်ဝန်းကျင်ရှိလူတို့ အားအနာစိမ်းများပေါက်စေခြင်းအား ဖြင့်ဒဏ်ခတ်တော်မူ၏။-
1 Samuel 5:11ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-