2 ဓမ္မရာဇဝင်ပထမစောင် 7:5
ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။-
Common Language Bible
In The King James Version
And Samuel said, Gather all Israel to Mizpeh, and I will pray for you unto the LORD.
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
1 Samuel 7:12ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
1 Samuel 10:17ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
2 Kings 25:23ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
Hosea 5:1``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-