2 ဓမ္မရာဇဝင်ပထမစောင် 8:6
ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
Exodus 32:32သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
Numbers 16:22သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
1 Samuel 12:17ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
1 Samuel 12:23ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
Ezra 9:3ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
Luke 6:11ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။