2 ဓမ္မရာဇဝင်ပထမစောင် 9:1
ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 9
Cross References
1 Samuel 10:23သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။-
1 Samuel 25:2ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
1 Chronicles 8:30သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
Esther 2:5မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
Acts 13:21သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-