သက်သာလောနိတ်ဩဝါဒစာပထမစောင် 2:19
ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 2
Cross References
Proverbs 12:4သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
Proverbs 17:6မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
Matthew 16:27လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
1 Corinthians 4:5သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
2 Corinthians 1:14ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
Philippians 4:1ငါ့ညီအစ်ကိုတို့၊ သင်တို့အားငါအလွန်ချစ် ၍လွမ်းဆွတ်ပါသည်။ ငါသည်သင်တို့ကိုအကြောင်း ပြု၍လွန်စွာဝမ်းမြောက်၍ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုတို့၊ ငါတို့ဆိုခဲ့သည့်အတိုင်း ကြံ့ခိုင်စွာရပ်တည်ကြလော့။