သက်သာလောနိတ်ဩဝါဒစာပထမစောင် 3:2
ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 3
Cross References
Acts 16:1ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-
Acts 17:14ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။-
Romans 16:21ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။
1 Corinthians 16:10အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
2 Corinthians 1:19သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
2 Corinthians 8:23တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-