သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:11
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 4
Cross References
Proverbs 17:1တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
Lamentations 3:26သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
Luke 12:42သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။-
Acts 20:35ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။
Romans 12:11မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။-
1 Corinthians 4:12လက်ဖြင့်ပင်ပန်းကြီးစွာလုပ်ဆောင်ကြရ၏။ ငါတို့သည်ကျိန်ဆဲခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှင်းဆဲခြင်းခံရသော အခါသည်းခံကြ၏။-