The Bible Software
bible.software › သက်သာလောနိတ်ဩဝါဒစာပထမစောင် › သက်သာလောနိတ်ဩဝါဒစာပထမစောင် 5 › သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:24

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:24

သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။

Common Language Bible

In The King James Version

Faithful is he that calleth you, who also will do it .

In Context

23ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-

25ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။

Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 5

Cross References

Deuteronomy 7:9သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-

Psalms 36:5အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

Psalms 86:15အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။

Psalms 92:2ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။

Psalms 138:2ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​မြင့်​မြတ် သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက် ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​သစ္စာ​တော်​ကြောင့်​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​နှင့်​က​တိ​တော်​တို့​သည် အ​ထွတ်​အ​မြတ်​ဆုံး​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။

Isaiah 9:7သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:24

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:23သက်သာလောနိတ်ဩဝါဒစာပထမစောင် 5သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:25 →