တိမောသေဩဝါဒစာပထမစောင် 1:17
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 1
Cross References
1 Chronicles 29:11ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
Psalms 10:16ထာဝရဘုရားသည်ကာလအစဉ်အဆက် ဘုရင်ဖြစ်တော်မူ၏။ အခြားသောဘုရားများကိုကိုးကွယ်သူတို့သည် ပြည်တော်မှပျောက်ကွယ်သွားကြလိမ့်မည်။
Psalms 45:1မင်းကြီး၏အတွက်ဤသီချင်းကိုငါရေးစပ်နေစဉ် ငါ၏စိတ်နှလုံးသည်မင်္ဂလာစကားများနှင့် ပြည့်လျှံလျက်ရှိပါ၏။ ငါ၏နှုတ်သည်စာရေးဆရာကောင်းတစ် ယောက်၏ ကလောင်နှင့်တူပါ၏။
Psalms 47:6ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။
Psalms 72:18ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
Psalms 106:48ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။