တိမောသေဩဝါဒစာပထမစောင် 2:3
ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။-
Common Language Bible
In The King James Version
For this is good and acceptable in the sight of God our Saviour;
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 2
Cross References
Isaiah 45:21လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။
Romans 12:1သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
Ephesians 5:9အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
Philippians 4:18သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။-
1 Thessalonians 4:1ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
1 Timothy 5:4သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-