တိမောသေဩဝါဒစာပထမစောင် 3:2
အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။-
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 3
Cross References
Isaiah 56:10ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
Romans 12:13ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။
1 Timothy 3:10သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။-
1 Timothy 5:9မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။-
Titus 1:6အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။-
Hebrews 3:14ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။