တိမောသေဩဝါဒစာပထမစောင် 4:12
အသက်ငယ်ရွယ်သူဖြစ်သည့်အတွက်သင့် အားအဘယ်သူမျှအထင်မသေးစေနှင့်။ သင် ၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းတို့သည် ယုံကြည်သူတို့အတွက်စံနမူနာဖြစ်စေ လော့။-
Common Language Bible
In The King James Version
In Context
11ယခုဆိုခဲ့သည်အတိုင်းညွှန်ကြား၍သြဝါဒ ပေးလော့။
Read all of တိမောသေဩဝါဒစာပထမစောင် 4
Cross References
Matthew 18:10``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
1 Corinthians 16:10အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
Philippians 4:8ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-
1 Thessalonians 2:10ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
1 Timothy 1:14ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
2 Timothy 2:15သင်သည်ရှက်ကြောက်စရာအကြောင်းမရှိ သောအမှုတော်ဆောင်အနေဖြင့်လည်းကောင်း၊ သမ္မာတရားတော်ကိုမှန်ကန်စွာဟောပြော သွန်သင်သူအနေဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံတော်မူစေရန်အစွမ်း ကုန်ကြိုးစားအားထုတ်လော့။-