တိမောသေဩဝါဒစာပထမစောင် 4:7
တရားမဲ့ဖြစ်၍ပြောကြားရန်ပင်မသင့်လျော် သည့်ဒဏ္ဍာရီများကိုရှောင်လော့။ ဘုရားဝတ်၌ မွေ့လျော်တတ်ရန်မိမိကိုယ်ကိုလေ့ကျင့်ပေး လော့။-
Common Language Bible
In The King James Version
But refuse profane and old wives’ fables, and exercise thyself rather unto godliness.
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 4
Cross References
1 Timothy 3:16ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
1 Timothy 6:20တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။-
2 Timothy 2:23သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။-
2 Timothy 4:4သူတို့သည်သမ္မာတရားကိုနားမထောင်ဘဲဒဏ္ဍာ ရီစကားများကိုသာနားထောင်ကြလိမ့်မည်။-
Titus 2:12ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-