တိမောသေဩဝါဒစာပထမစောင် 5:21
ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
Common Language Bible
In The King James Version
In Context
20အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
Read all of တိမောသေဩဝါဒစာပထမစောင် 5
Cross References
Leviticus 19:15``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
Deuteronomy 33:9သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
Psalms 119:34ကိုယ်တော်ရှင်၏တရားတော်ကိုရှင်းလင်း ဖော်ပြတော်မူပါ။ ယင်းကိုကွန်တော်မျိုးသည်လိုက်နာပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ထိန်းပါမည်။
Malachi 2:9သင်တို့သည်ငါ၏လူမျိုးတော်အားပညတ် တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ် လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား ဣသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။
Matthew 25:41``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
Luke 20:21သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-