တိမောသေဩဝါဒစာပထမစောင် 6:14
သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။-
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 6
Cross References
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
Song of Solomon 4:7ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
Ephesians 5:27အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
Colossians 1:22သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။-
1 Thessalonians 3:13ဤနည်းအားဖြင့်ကိုယ်တော်သည်သင်တို့ကို ကြံ့ခိုင်စေတော်မူလိမ့်မည်။ ငါတို့အရှင်သခင် ယေရှုသည်မိမိ၏ကောင်းကင်တမန်အပေါင်း တို့နှင့်အတူကြွလာတော်မူသောအခါ၌ သင် တို့သည်ငါတို့အဖဘုရားသခင်၏ရှေ့တော် တွင်အပြစ်ဆိုဖွယ်မရှိသောသန့်ရှင်း မြင့်မြတ်သူများဖြစ်ကြပေအံ့။