The Bible Software
bible.software › တိမောသေဩဝါဒစာပထမစောင် › တိမောသေဩဝါဒစာပထမစောင် 6 › တိမောသေဩဝါဒစာပထမစောင် 6:19

တိမောသေဩဝါဒစာပထမစောင် 6:19

ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

Common Language Bible

In The King James Version

Laying up in store for themselves a good foundation against the time to come, that they may lay hold on eternal life.

In Context

18သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-

20တိ​မော​သေ၊ သင့်​အား​ပေး​အပ်​ထား​သည့်​အ​ရာ ကို​စောင့်​ထိန်း​လော့။ သိမ်​ဖျင်း​သော​စ​ကား​နှင့် အ​ကျိုး​မဲ့​သော​စ​ကား​ကို​လည်း​ကောင်း၊ လူ အ​ချို့​တို့​မှား​ယွင်း​စွာ ခေါ်​ဆို​သည့်``အသိ​ပညာ'' အ​ကြောင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု တို့​ကို​လည်း​ကောင်း​ရှောင်​ရှား​လော့။-

Read all of တိမောသေဩဝါဒစာပထမစောင် 6

Cross References

Psalms 17:14ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။

Proverbs 31:25လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။

Matthew 10:41ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-

Matthew 25:34ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-

Luke 12:33သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-

Luke 16:25``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တိမောသေဩဝါဒစာပထမစောင် 6:19

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← တိမောသေဩဝါဒစာပထမစောင် 6:18တိမောသေဩဝါဒစာပထမစောင် 6တိမောသေဩဝါဒစာပထမစောင် 6:20 →