တိမောသေဩဝါဒစာပထမစောင် 6:21
လူအချို့တို့သည်အသိပညာကိုရရှိပြီ ဟုဆိုကာယုံကြည်ခြင်းတရားလမ်းမှလွဲ သွားကြပြီ။ သင်တို့အပေါင်းသည်ဘုရားသခင်ထံတော် မှကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာပထမစောင်ပြီး၏။
Common Language Bible
In The King James Version
Which some professing have erred concerning the faith. Grace be with thee. Amen.
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 6
Cross References
Romans 1:7ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
Romans 16:23ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
1 Timothy 1:6လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
1 Timothy 6:10အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
2 Timothy 4:22သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
Hebrews 10:1ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-