တိမောသေဩဝါဒစာပထမစောင် 6:9
ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။-
Common Language Bible
In The King James Version
In Context
8သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။-
Read all of တိမောသေဩဝါဒစာပထမစောင် 6
Cross References
Genesis 13:10ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
Numbers 31:8မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
Joshua 7:11ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
1 Kings 21:6မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။
Psalms 11:6ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
Proverbs 15:27မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။