ရာဇဝင်ချုပ်ပထမစောင် 10:11
ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 10
Cross References
Exodus 1:13ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
Exodus 5:18အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
Isaiah 47:6ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
Jeremiah 28:13ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။-
Luke 10:19မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
Revelation 9:5ထိုသူတို့အားအသေသတ်ပိုင်ခွင့်မရှိ။ ငါးလမျှ သာလျှင်ညှဉ်းဆဲပိုင်ခွင့်ရှိ၏။ ကျိုင်းကောင်အကိုက် ခံရသူတို့သည်ကင်းမြီးကောက်အကိုက်ခံရ သကဲ့သို့နာကျင်စွာဝေဒနာခံရကြလိမ့် မည်။-