ရာဇဝင်ချုပ်ပထမစောင် 10:14
လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
13မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-
Read all of ရာဇဝင်ချုပ်ပထမစောင် 10
Cross References
2 Chronicles 10:10ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
Proverbs 12:5ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
Ecclesiastes 2:19ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
Ecclesiastes 10:16ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
James 3:14သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-